ဆုတောင်းပြည့် ရွှေမော်ဓော စေတီတော်မြတ်ကြီး

ဖူးမြှော်လေ့လာနိုင်သောနေရာများ
ဒေါင့်လေးဒေါင့်ရှိ စေတီပုထိုးများ
ငါးဆူရှင်ဇဗ္ဗူအေးစေတီ
ငါးဆူရှင် ဇမ္ဗူအေးစေတီတော်

ရွှေမော်ဓောဘုရား အနောက်မြောက်ဒေါင့်တွင် တည်ရှိသည်။ ရွှေမော်ဓောစေတီတော် ပြန်လည်တည်ဆောက်ရာမှ တူးဖော်ရရှိသော ရှေးဟောင်းဓာတ်တော်များနှင့် ရုပ်ပွားတော်များ စုပေါင်းဌာပနာပြီး တည်ဆောက်ထားသည်။ ၁၃၁၅ ခု၊ တန်ဆောင်မုန်းလတွင်  ပြီးစီးသည်။

သိဒ္ဓိရှင်စေတီတော်

ရင်ပြင်တော်အရှေ့မြောက်ထောင့်တွင် တည်ရှိသည်။ ရှေးယခင်စေတီတော်ဟောင်းအဖြစ် တည်ရှိနေမှုကို ပြန်လည်တည်ဆောက်ခြင်းဖြစ်ပြီး ၁၃၁၇ခု တပို့တွဲလတွင် တည်ဆောက်ပြီးစီး သည်။

တဝဂူစေတီတော်

ရွှေမော်ဓောစေတီ ရင်ပြင် အရှေ့တောင်ဒေါင့်တွင် တည်ရှိသည်။

ဓာတ်ပေါင်းစေတီတော်

ရင်ပြင်တော်အနောက်ဒေါင့်တွင် တည်ရှိသည်။ ရင်ပြင်တော်ရှိ စေတီဟောင်းများကို ပြုပြင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ၁၃၁၇ခု ဝါခေါင်လတွင် စုပေါင်းတည်ဆောက်ပြီးစီးခဲ့သည်။