ဆုတောင်းပြည့် ရွှေမော်ဓော စေတီတော်မြတ်ကြီး
သာသနိက အဆောက်အဦများ
ဧတဒဂ်တန်ဆောင်း
ရင်ပြင်တော် အရှေ့မြောက်ထောင့်တွင် ရှိသည်။ ဧတဒဂ်တန်ဆောင်းအတွင်း ဧတဒဂ်ဘွဲ့ထူးရ ရဟန္တာပုဂ္ဂိုလ် ၃၅ ပါး၊ တဒဂ်ဘွဲ့ရ သူတော် စင်များ၊ ဝိဇ္ဇာဇော်ဂျီ ထေရီမီ စသည့်ပုဂ္ဂိုလ်ထူး များ၏ ရုပ်ထုတော် (၄၉) ပါး၊ ပေါင်း (၈၄) ပါး၏ ရုပ်ထုတော်များ ထုလုပ်ပူဇော်ထားသည်။ ၂၀၂၃ ခုနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးမှ ဆေးသုတ်မွမ်းမံလှူဒါန်းခဲ့သည်။ တန်ဆောင်းတွင် နှစ်စဉ် ပဋ္ဌာန်းပွဲကျင်းပ သည်။
ရွှေ့လျားစက်လှေကား
ခရစ်နှစ် ၂၀၂၂ ခုနှစ်တွင် Integral Interna-tional Ltd နှင့် စာချုပ်ချုပ်ဆို တည်ဆောက်ခဲ့ ခြင်းဖြစ်သည်။ အနောက်ဘက်စောင်းတန်းတွင် တပ်ဆင်ထားသည်။ စက်လှေကားဆိုင်ရာ အချက် အလက်များမှာ-
- တန်ဖိုး = ကျပ်သုံးထောင်ကိုးရာငါးဆယ်သိန်း
- ထုတ်လုပ်သည့်ကုမ္ပဏီ = Hyundai Elevator Co., Ltd
- တပ်ဆင်သည့်နေ့ = ၂၅-၆-၂၀၂၂
- ဖွင့်လှစ်သည့်နေ့ = ၆-၁၁-၂၀၂၂
- အရှည် (တက်/ဆင်း) = ၉၉ ပေ ၆ လက္မ
- အမြင့် = ၁၉ ပေ
- ဒီဂရီအမြင့် = ၁၂ ဒီဂရီ
- အကျယ် = ၃ ပေ ၃ လက္မ
အများသုံးအခမဲ့အိမ်သာ
ကိုရီးယားနိုင်ငံ Suwon ကုမ္ပဏီမှ ခရစ်နှစ် ၂၀၁၉ ခုနှစ်တွင် တည်ဆောက်လှူဒါန်းထား ခြင်းဖြစ်သည်။ တန်ဘိုးငွေ ဒေါ်လာ(၆၅၀၀၀) နှစ်ထပ်အဆောက်အအုံဖြစ်သည်။ ကျား/မ အခမဲ့ အိမ် သာအဆောက်အအုံဖြစ်သည်။ WTA World Toilet Association မှ လှူဒါန်းပြီး ကိုရီးယား Sunshine Yangoon မှ တာဝန်ယူဆောက်လုပ်သည်။ (၂၇-၁၂-၂၀၁၉) ရက်နေ့တွင် အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ Korea နိုင်ငံ WTA မှ director Mr. Sim Young Cham တို့ တက် ရောက်ဖွင့်လှစ်ခဲ့သည်။