ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၊ ရှေးဟောင်းသမိုင်းပြတိုက်အတွင်း ခေတ်အလိုက် ပြသထားမှုများ -

  • မြေမီးဖုတ်
  • ပျူခေတ်
  • မြေမီးဖုတ်အုတ်ခွက်ဘုရားများကို ရှေးဟောင်းစေတီပုထိုးများတွင် ဥဒ္ဒိဿစေတီအဖြစ်ဌပနာ ပူဇော် လေ့ရှိကြောင်းတွေ့ရှိရသည်။ အထူးသဖြင့် ပျူခေတ်ကာလတွင် ဗုဒ္ဓဘာသာလွှမ်းမိုးသော သင်္ကေတ အဖြစ် အုတ်ခွက်ဘုရားများကို သရေခေတ္တရာဒေသနှင့် ပုဂံဒေသတို့တွင်များစွာတွေ့ရှိရသည်။ မြန်မာနိုင်ငံတွင် အုတ်ခွက်ဘုရားများကို အေဒီ ၄၅ ရာစုမှ ၁၅ရာစု အတွင်း အများအပြား ပြုလုပ် ပူဇော်လေ့ရှိကြောင်းတွေ့ရှိရသည်။ ရှေးခေတ်ပျူဒေသ အုတ်ခွက်ဘုရားများပြု လုပ်ရာတွင် မြေပုံစံခွက်၊ ကြေးပုံစံခွက်နှင့် ကျောက်ပုံစံခွက်များကို အသုံးပြုကြကြောင်း တွေ့ရှိရပါသည်။ အုတ်ခွက်ဘုရားများတွင် အသေးဆုံးတစ်လက်မ မှ အကြီးဆုံး ၂ပေ ၇ လက်မအထိတွေ့ရှိရပြီး အဝိုင်းပုံ ၊ ဘဲဥပုံတြိဂံပုံနှင့်  လေထောင့်ပုံစသည်ဖြင့် ပုံစံအမျိုးမျိူးတွေ့ရှိရပါသည်။
  • မြေထည်
  • ခရစ်နှစ်အစောပိုင်းကာလ
  • ရုပ်ကြွအုတ်ခွက်အလယ်တွင် မိသားစုတို့ပုံကိုဖော်ထားပြီး ဗိန္ဓုမြောက်များဖြင့်ဝန်းရံထားသည်။ ထောင့်လေးထောင့်တွင် ပန်းကနုတ်များပါရှိသည်။

ဥဏှိဿ (မှန်ကင်းတော်)

          ပျူခေတ်ဆင်းတုတော်များတွင် မှန်ကင်းတော်ကို မတွေ့ရှိရပေ။

မဏိတော်

          မဏိတော်မှာပါသည်ဆိုရုံမျှသာဖြစ်သည်။ ဦးခေါင်းတော်တည့်တည့်တွင် မဏိတော်သေးသွယ်ခပ်နိမ့်နိမ့်ပါရှိသည်။ ဆံတော်မှာ ခရုခွေပုံသဏ္ဍာန် ဆံတော်ပါရှိသည်။

သင်းကျစ်တော်

          သင်းကျစ်တော်မရှိချေ။ ရှေးဆံထုံးတော်အတန်းသည်ပင် သင်းကျစ်တော်သဏ္ဍာန်ဖြစ်သည်ဟု ယူဆသည်။

ဥဏ္ဏလုံတော်

          ပျူခေတ်တွင် ဥဏ္ဏလုံမွေရှင်တော် မပါရှိချေ။

နားရွက်တော်

          နားရွက်တော်အထက်ပိုင်း အနည်းငယ်ကားသည်။ နားပေါက်ကျယ်သည်။ နားရွက်တော်သည် ပုခုံးသို့ မထိပေ။

မျက်နှာတော်

          မျက်နှာတော်သည် လုံးလုံးသွယ်သွယ်ဖြစ်ပြီး မေးတော်ဝိုင်းလျှက်ရှိသည်။ အချို့မှာ အနည်းငယ်ချွန်သည်။

မျက်လုံးတော်

          မျက်လုံးတော်သည် ရှေ့သို့စူးစူးစိုက်စိုက်ကြည့်နေဟန်ရှိသည်။ အချို့အောက်သို့ စိုက်လျှက်ကြည့်နေဟန် (မျက်လွှာချဟန်) ရှိသည်။

ကိုယ်လုံးတော်

          ရင်ဘတ်တော်ဖြိုးမောက်ခြင်းမရှိချေ။ ရင်ဘတ်မှခါးအထိဖြောင့်တန်းနီးပါးရှိသည်။ ကိုယ်လုံးတော်အချိုးအစားရှည်မျောမျောရှိသည်။

သင်္ကန်းတော်

          သင်္ကန်းတော်ပါးပါးသာ ထုလုပ်ကြသည်။ သင်္ကန်းအချွန်အနားတို့သည် သိသာရုံရှိသည်။ သင်းပိုင်အရာကို ထင်ရှားစွာထုလုပ်ထားသည်။

လက်အနေအထား

လက်တော်မှာ တရားဦးဟောဟန် (ဓမ္မစကြာ) မုဒြာ၊ ဈာန်ဝင်စားဟန် (ဈာနမုဒြာ)၊ ညာလက်ဝါးဖြန့်ပြီး ရှေ့လက်ထားဟန် (အဘယမုဒြာ)၊ အချို့ဆင်းတုများသည် လက်ဖဝါးနှစ်ဖက်လုံးဖြန့်၍ ရှေ့သို့လှည့်ထားသည်ကိုလည်း တွေ့ရပါသည်။

    • ညာလက်သည် ညာပေါင်တွင်ချထား၍ အောက်၍ထိထားပါဟန် (ဘူမိဗဿမုဒြာ) ဘယ်ဘက်လက်တင်ထားဟန်။
    • လက်တော်များသည် ပကတိလူသားများကဲ့သို့ အတိုအရှည်ထုထားသည်။
    • အချို့ညာတင်ဘယ်ချဘူမိဖဿပြောင်းပြန်ထုတတ်သည်။

ခြေတော်အနေအထား

ဘယ်ဘက်ခြေပေါ်တွင် ညာလက်တင်ထားသည်။ ဘယ်ခြေအနည်းငယ်အပြင်ထွက် နေသည်။ ခြေမျက်စိပေါ်လွင်အောင်ထုထားသည်ကို တွေ့ရှိရသည်။

ပလ္လင်တော်

ပလ္လင်တော်မှာ ရိုးရိုးပလ္လင်တော်အများဆုံးတွေ့ရှိရသည်။ (ပျော့ပလ္လင်၊ ပျော့ပလ္လင်ဆိုသည်မှာ ရဟန်းတော်များ တော၌တရားထိုင်သည့်အခါ သားရေနွယ် သားရေချပ်ကိုခင်း၍ ထိုင်ကြသော ပစ္စည်းကိုခေါ်သည်။)

အချို့ပလ္လင်တော်များ ကြာလှန်ကြာမှောက်သဏ္ဏာန် အနည်းငယ်ဖော်ပြထားရှိသည်။

အသုံးပြုပစ္စည်း

ရွှေ၊ ငွေ၊ ကြေး၊ ကျောက်၊ သံ၊ မြေမီးဖုတ်အုတ်ခွက်တို့ဖြင့် ပြုလုပ်ထားသည်။ သစ်သားဆင်းတုကို မတွေ့ရှိရချေ။

ထူးခြားချက်

ကိုယ်လုံးခါးသေး၊ ရင်မောက်ရှည်မျောမျော ပုံသဏ္ဍာန်ရှိသည်။ ဥဏှိဿပါရုံသာရှိသည်။ ဆံတော်မှာ ခရုခွေပုံ၊ ပိန္နဆူးပုံပါရှိသည်။ ဘယ်ခြေပေါ် ညာခြေထပ် ဘယ်ခြေအနည်းငယ်အပြင်ထွက်ပြီး ခြေမျက်စိပေါ်လွင်စွာထုထားသည်မှာ ပျူခေတ်ဗုဒ္ဓဆင်းတုတော်များ၏ ထူးခြားချက်ပင် ဖြစ်သည်။

ဥဏှိဿ (မှန်ကင်းတော်)

ဆင်းတုတော်မဏိတော်အထက်၌ သဗ္ဗညုတဉာဏ်တော်၏အထိမ်းအမှတ်ဖြစ်သော မှန်ကင်းတော်ပါရှိသည်။

မှန်ကင်းတော်သည် ရှေ့နောက်ပြား၍ ကြာပုံညောင်ရွက်ပုံဖြင့် ထိပ်၌အနည်းငယ်နောက်သို့ ရောက်သည်။ အချို့ဆင်းတုတော်များတွင် မှန်ကင်းတော်၌ အချိုင့်ပြုလုပ်၍ အဖိုးတန်ကျောက်သံပတ္တမြားတို့ကို ထည့်မြှုပ်ထားသည်။

မဏိတော် (ဆံတော်)

မဏိတော် (ဆံတော်) သည် သေးသွယ်ပြီး အနည်းငယ်မြင့်လာပါသည်။ ရွဲလုံးတန်းများစီထားသော ဆံတော်ရှိသည်။ အာနန္ဒာအတွင်းရှိ မတ်ရပ်ကိုယ်တော်တွင် ဆံတော်အား ပိန္နဲဆူး သဏ္ဍာန်တွေ့ရှိရသည်။

သင်းကျစ်တော်

သင်းကျစ်တော်အား သီးခြားစီမတွေ့ရှိရဘဲ ရှေ့ဆုံးဆံတော်အတန်းသည်ပင် သင်းကျစ်တော်သဏ္ဍာန်ဖြစ်သည်။

ဥဏ္ဏလုံမွေရှင်တော်

ဥဏ္ဏလုံမွေရှင်တော် ထည့်သွင်းထုလုပ်ထားသည်။

နားရွက်တော်

ပုဂံခေတ်နားရွက်တော်သည် ပျူခေတ်နှင့်တူညီကြောင်း တွေ့ရှိရသည်။ အရှည် ရှစ်လက်မခန့်ရှိသည်။ မျက်ခုံးတော်ထိပ်မှ မေးစေ့အထိသာရှိပြီး ပုခုံးနှင့်အထိချေ။ အချို့ပုခုံးထိသည်ကိုတွေ့ရှိရသည်။ နားရွက်တော်ရှိ နားပေါက်သည် ပျူခေတ်လောက်မကျယ်ပေ။ နားတော်တစ်ဆက်တည်းရှိသည်။ နားရွက်တော်ထိပ်သည် အနည်းငယ် ငိုက်နေသည်။

နှာခေါင်းတော်

နှာခေါင်းတော်ရှိ နှာသီးတော်ထိပ်သည် နှာအိုးတော်အောက်နိမ့်၍ စိုက်ကျသည်။ နှာခေါင်းချွန်၍ နှာတံကောက်သည်။

မျက်လုံးတော်

မျက်လုံးတော်သည် စက္ခုအိန္ဒြေချထားဟန်အသွင်သဏ္ဍာန်ရှိသည်။ မျက်ခုံးတော်သည် နှာယောင်ကြားမှ အပေါ်သို့ ခုံးတက်သွားသည်။

နှုတ်ခမ်းတော်

ပါးစပ်တော်သေး၍ နှုတ်ခမ်း ပါစောင်များ ပီပီပြင်ပြင်ရှိလာပါသည်။ အပေါ်နှုတ်ခမ်းတော်ပါး၍ အလျားရှည်သည်။

၁၁ ရာစု ပုဂံခေတ်နောက်ပိုင်း ၁၃ ရာစုတွင် မေးတော်တုပ်ဝိုင်းပြီး မိုးမောက်သော ပုံသဏ္ဍာန်ရှိသည်။

လည်ပင်းတော်

          လည်ပင်းတွင် လည်ရေး (၃) ဆင့်အား ထင်ရှားစွာ ထုလုပ်ထားသည်။

ကိုယ်လုံးတော်

  • ပုခုံးကျယ်ပြန့်၍ ရင်အုပ်ကား ခါးသိမ်၊ ဗိုက်သားနှင့် ချက်တော်ထင်ရှားစွာပေါ်သည်။ ခါးသေး၍ ရင်ကြီးခန္ဓာကိုယ်အချိုးအစား ကျနပေါ်လွင်စွာ ထုလုပ်ထားသည်။ မတ်တပ်ရပ် ကိုယ်တော်မှာ တင်ပါးကားပြီး ပေါင်တံမှတစ်ဆင့် ဒူးတော် ၊ ခြေသလုံးတော် သွယ်တန်း၍ ကိုယ်နေထားဟန်မှာ ပျော့ပျောင်းဟန်ရှိသည်။
  • ယောင်္ကျားမြတ်တို့၏ လက္ခဏာပုံသဏ္ဍာန်ဟန်နှင့် ပြည့်စုံသောဟန်ရှိ၊ လက်မောင်းလက်ဖျံတို့သည် ကိုယ်နေဟန်အချိုးကျစွာ ထုလုပ်ထားသည်။
  • လက်ချောင်းတော်များ၊ ခြေချောင်းတော်များသည် တူညီစွာထုလုပ်ထားခြင်းမရှိ၊ သဘာဝခြေချောင်း လက်ချောင်းများကဲ့သို့ အတိုအရှည် ထုလုပ်ထားသည်။
  • ခါး၌ချက်ပေါ်သည်၊ သင်းပိုင်ဝတ်ထားပုံပေါ်လွင်စွာထုလုပ်ထားသည်။ (ကျန်စစ်မင်းလက်ထက်တွင် ထုလုပ်ထားသည့် ဆင်းတုတော်များမှာ ပြုံးယောင်ယောင်ရှိပြီး ခါးရှည်သည်။)

သင်္ကန်း

  • ခပ်ပါးပါးအနေထားဖြင့် ထုလုပ်ထားပြီး ရေစိနေသော သင်္ကန်းကဲ့သို့ ချက်တော်နှင့်ဗိုက်သားပေါ်လွင်စေသည်။
  • ပုခုံးပေါ်တင်ထားသော သင်္ကန်းမှာ အရေးအကြောင်းမျှဖြစ်ပြီး သင်္ကန်းအကျသည် စွန်မြီး (သို့မဟုတ်) ငါးကြင်းမြီးပုံနှစ်ခွရှိသည်။ ယင်းအဖျားနှစ်ခွသည် ရင်အုံအထက်၌ ကပ်နေသည်။ အနားတွန့်အခေါက်မျှသာရှိသည်။ သင်းပိုင်ဝတ်ထားပုံ ပိုမိုပေါ်လွင်သည်။

လက်တော် (မုဒြာ)

  • အများဆုံးဘူမိဗဿမုဒြာ၊ ဓမ္မစင်္ကြာ၊ ဈာနမုဒြာနှင့် မဟာဂရုဏာမုဒြာတို့ဖြစ်သည်။
  • လက်တော်များမှာ ပကတိလူသားကဲ့သို့ အတိုအရှည်ထုလုပ်သည်။ ပုဂံခေတ်အစောပိုင်းတွင် လက်ဖဝါး၌ စက်လက္ခဏာထည့်သွင်းလေ့ရှိသည်။ ယင်းဆင်းတုတော်ကို ပြည့်ငါးပြည့်ဘုရားဟု ခေါ်သည်။

ခြေတော်အနေအထား

တင်ပလ္လင်ချိတ်အနေအထားဖြင့် ထုလုပ်ထားသည်။ အချို့ခြေဖဝါးနှစ်ဖက်စလုံးလှန်ထးသည်။ ပုဂံခေတ်အစောပိုင်းတွင် ခြေဖဝါးများတွင် စက်လက္ခဏာပါရှိသည်။

ပလ္လင်တော်

ပလ္လင်တော်မှာ ကြာမှောက်ကြာလှန် နှစ်ထပ်ဖြင့် ပြုလုပ်ထားသည်။ ကြာက်ဖတ်အလျားနှင့်အနံတို့သည် တူညီကြသည်ကို အများအားဖြင့်တွေ့ရှိရသည်။ ပဒုမ္မာကြာပုံဖြစ်၍ ကြာအစစ်ပုံ ပျောက်ကွယ်ခဲ့သည်။

အသုံးပြုပစ္စည်း

ပုဂံခေတ်ဆင်းတုတော်များကို ရွှေ ၊ ငွေ ၊ ကြေး ၊ ပဉ္စလောဟာ၊ ကျောက်၊ သဲ၊ အင်္ဂတေ၊ သစ်သား၊ မံတို့ဖြင့် ပြုလုပ်ကြသည်။

ထူးခြားချက်

  • ဥဏှိဿဝိုင်း၊ ခန္ဓာကိုယ်အချိုးမကျ၊ သင်္ကန်းတော်ထူလာသည်။ ခြေတော်တင်ပလ္လင်ခွေချိတ်ကြာမှောက်၊ ကြာလန်ရှည်လာသည်။ ချက်ပေါ်တွင် ပျူခေတ်နှင့် ပုဂံခေတ်တူညီမှုမှာ အနည်းငယ်ကွဲပြားလာသည်။
  • နားပေါက်တော်ရှိခြင်း၊ နားရွက်တော်ပုံသဏ္ဍာန်တူညီသည်။ ဗုဒ္ဓဆင်းတုအပြင် ဗုဒ္ဓခြေတော်ရာကိုပါ ထုလုပ်ခြင်း။
  • ကိုယ်အနေအထား ခါးသေးရင်ချီ၊ သင်္ကန်းဘယ်ဘက်ရင်အုံအထက် ငါးကြင်းမြီးပုံရှိ သင်္ကန်းပါလျား၊ ခါးတွင်သင်းပိုင်ဝတ်ထားသည်။
  • ဘူမိဖဿမုဒြာ၊ ဓမ္မစင်္ကြာမုဒြာ၊ မဟာဂရုဏာပကတိလက်တော် အတိုအရှည်မညီခြင်း၊ ပလ္လင်ကြာမှောက်ကြာလှန်နှစ်ထပ်ဖြစ်သည်။ပျူခေတ်နှင့် ပုဂံခေတ်ဆင်းတုများသည် တူညီသည့်အချက်မှာ နားရွက်တော် ပုခုံးနှင့် မထိခြင်း၊ နားရွက်တော်တွင် နားပေါက်ပါရှိခြင်းတို့ဖြစ်ပြီး ၁၃ ရာစုတွင် ဆင်းတုထုလုပ်ရာတွင် မြန်မာဟန်များစွာ တွေ့ရှိ၍ ဆင်းတုပုံသဏ္ဍာန်များ ပြောင်းလဲလာသည်။

ပုဂံခေတ်ပြီးနောက် သီဟသူရမင်းသည် သက္ကရာဇ် ၁၃၁၂ ခုနှစ်တွင် ပင်းယပြည်တည်ထောင်ကာ စိုးစံခဲ့သည်။ ပင်းယခေတ်မင်း၆ဆက်စိုးစံခဲ့ပြီး သက္ကရာဇ် ၁၃၆၃ ခုနှစ်တွင် ပင်းယမြို့ပျက်ခဲ့သည်။ ပင်းယခေတ်သည် သက်တမ်း ၅၂ နှစ် ကြာမြင့်ခဲ့သည်။

ပင်းယခေတ် ဗုဒ္ဓဆင်းတုတော်လက်ရာများသည် ပုဂံနှောင်းပိုင်း ၁၃ ရာစုနှင့်တူညီ၍ ကွာခြားမှုမရှိပေ။ ပင်းယမြို့ဟောင်းတောင်ဘက်၌ ဂူ (၃) လုံး အတွင်းရှိ ဗုဒ္ဓဆင်းတုတော်များသည် ပင်းယခေတ်ဆင်းတုတော်များဖြစ်ပြီး၊ ပုဂံဒေသ၌ ဆင်ဖြူရှင်ကျောင်းတိုက်ရှိ ဆင်းတုတော်များနှင့် လက်ရာတူညီသည်ကို လေ့လာတွေ့ရှိရပါသည်။ ဆင်းတုတော်များကို အုတ်၊ အင်္ဂတေများဖြင့် တည်ထားကိုးကွယ်ခဲ့ကြသည်။

ပုဂံခေတ်နှောင်းပိုင်း အေဒီ ၁၃ ရာစု ဆင်းတုတော်များနှင့် တူသော်လည်း ရှမ်းနှင့် မွန်လက်ရာဆန်သည်။

ဥဏှိဿ

          ညောင်ရွက်ပုံသဏ္ဍာန် ထုလုပ်ကြသည်။

မဏိတော် (ဆံတော်)

          ဆံတော်သည် သေးသွယ်ပြီး အနည်းငယ်မြင့်လာသည် ဆံတော်ကို ပိန္နဲဆူးပုံသဏ္ဍာန်မျိုး ပြုလုပ်ကြသည်။

သင်းကျစ်တော်

          သီးခြားမတွေ့ရှိရဘဲ ရှေ့ဆံတော်၏ အတန်းသည်သင့်ကျစ်သဏ္ဍာန်ပြုလုပ်ထားသည်။

ဥဏ္ဏလုံမွေရှင်တော်

          ဥဏ္ဏလုံမွေရှင်တော် ထည့်သွင်းထုလုပ်ထားပါသည်။

နားရွက်တော်

          နားရွက်တော်သည် ပုခုံးနှင့်မထိ၊ မျက်ခုံးထိပ်မှမေးစေ့အထိသာရှိသည်။ အချို့ပုခုံးထိသည်ကို တွေ့ရသည်။

          နားရွက်တော်ရှိ နားပေါက်သည် မကျယ်၊ နားတော်ထိပ်သည် အနည်းငယ်ရှေ့သို့ငိုက်သည်။

နှာခေါင်းတော်

          နှာခေါင်းတော်ရှိ နှာသီးတော်ထိပ်သည် နှာရိုးအောက်နိမ့်၍ စိုက်ကျသည် နှာခေါင်းချွန်သည်။

မျက်လုံးတော်

          မျက်လုံးတော်သည် စက္ခုန္ဒြေချထားဟန် အသွင်ရှိသည်။ မျက်ခုံးတော်သည် နှာယောင်ကြားစမှ အပေါ်သို့ ခုံးသွားသည်။

နှုတ်ခမ်းတော်

          ပါးစပ်တော်သေး၍ နှုတ်ခမ်း ပါးစောင် ပီပြင်စွာရှိသည်။ အပေါ်နှုတ်ခမ်းပါး၏။ မေးတော်အုပ်ဝိုင်းပြီး မို့မောက်ပုံသဏ္ဍာန်ရှိသည်။

လည်ပင်းတော်

          လည်ပင်းတော်တွင် လည်ရေး ၃ ရစ်အား ထင်ရှားစွာတွေ့မြင်နိုင်ပါသည်။

သက္ကရာဇ် ၇၂၅ ခု၊တပေါင်းလဆန်း ၆ ရက်၊ အင်္ဂါနေ့၊ အေဒီ ၁၃၆၄ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် သတိုးမင်းဖျား အင်းဝကို တည်ထောင်၍ မင်းဆက် ၁၃ ဆက် စိုးစံကာ ရွှေနန်းကြော့ရှင် နရပတိမင်းလက်ထက် သက္ကရာဇ် ၈၈၈ (အေဒီ၁၅၂၆) နှစ်ပေါင်း ၁၆၂ နှစ်အကြာတွင် အင်းဝခေတ် ကုန်ဆုံးခဲ့သည်။

ပုဂံခေတ်ရုပ်ပွားတော်များ၏ လက်ရာနှင့်အနည်းငယ်ဆင်တူသည်။ ပုဂံခေတ်ပုံသဏ္ဍာန်ကို မြန်မာဆန်စွာ ထုလုပ်ထားသည်။

ဥဏှိဿ (မှန်ကင်းတော်)

ကြာဖူးပုံ၊ ညောင်ရွက်ပုံရှိ၍ အနည်းငယ်ပြားပြီး စိန်တောင်များပါရှိသည်။ ဦးခေါင်းတော်အလည်တည့်တည့်တွင် ထုလုပ်ထားပြီး မှန်ကင်းတော်မှာ ပုဂံထက် ပိုမြင့်သည်။

မဏိတော် (ဆံတော်)

ပုဂံခေတ်ထက်ပိုကြီးပြီး ဆံတော်ရွဲတန်းများ သေးငယ်သည်။

သင်းကျစ်တော်

သေးငယ်၍ ဆံတော်နှင့်မျက်လုံးတော်ကို ပိုင်းခြားထားသော သေးငယ်လှပသည့် မျဉ်းတစ်ကြောင်းသာဖြစ်သည်။

ဥဏှလုံမွေရှင်တော်

ဆင်းတုတော်ထုလုပ်ရာတွင် ဥဏှလုံ မွေရှင်တော်ကို သီးခြားထုလုပ်ထားခြင်း မရှိချေ၊ တစ်ခါတစ်ရံ ဆေးခြယ်လေ့ရှိသည်။

မျက်နှာတော်

မျက်နှာတော်တစ်ခုလုံး ဗြက်အကျယ်ဆုံးအနေအထားတွင် ထုလုပ်ထားသည်။ နဖူးတော်ကား၍ ပြားသည်။

နားရွက်တော်

နားရွက်တော်မှာ မျက်လံးမှစ၍ ပုခုံးတော်သို့ အထိချေ၊ အချို့ဆင်းတုမှာ ထိသည်။ နားရွက်တော်သည် အထက်ပိုင်းဗြက်ကျယ် အလယ်ပိုင်းဗြက်အသေးဆုံးဖြစ်ပြီး အောက်ပိုင်းသည် ဗြက်အနည်းငယ်သေးသည်။

မျက်လုံး၊ မျက်ခုံးတော်

မျက်လုံးတော် စက္ခုန္ဒြေချ၊ မျက်လုံး မျက်ခုံး နှာခေါင်းတိုသည်။ မြန်မာဆန်ဆန်ထုလုပ်ကြသည်။ မျက်ခုံးတော်သည် လခြမ်းသဏ္ဍာန်ရှိသည်။ မျက်လုံးနှင့်မျက်ခုံးဝေးသည်။

ကိုယ်လုံးတော်

ပုဂံခေတ်လောက် ကိုယ်လုံးတော်အချိုးအစား မကျချေ။

သင်္ကန်းတော်

အရေးအကြောင်းမျှထုလုပ်ပြီး သင်္ကန်းအကျယ်သည် စွန်မြီးနှစ်ခွပုံသဏ္ဍာန်ရှိပြီး မျဉ်းဖြောင့်ပုံသဏ္ဍာန်ထုလုပ်ထားသည်။ သင်္ကန်းတော်ပို၍ရှည်ပြီး ရင်ဘတ်တော်အောက်သို့ ရောက်သည်။

ခြေတော်

တင်ပျဉ်ခွေချိတ်ဆင်းတုတော်များသာ ထုလုပ်ကြသည်။

ပလ္လင်တော်

ကြာမှောက်ကြာလန်အလျားသည် အနံထက်ပိုရှည်သည်။ ကြေးဆင်းတုတော်များမှာ ပလ္လင်တော်တွင် ကနုတ်ပန်းသဘောမျိုး အပေါက်ဖော်ထားလေ့ရှိသည်။ ကြာမှောက်ကြာလှန် နှစ်ထပ်ရှိသည်။

အသုံးပြုပစ္စည်း

ကြေးဝါ၊ သဲကြောက်၊ အင်္ဂတေ၊ သစ်သား၊ ရွှေ၊ ငွေ၊ ကြေး ပဉ္စလောဟ အသုံးပြုကြသည်။

ထူးခြားချက်

ခါးသေး၍ ရင်ကြီးသည်။ ရင်ဘတ်ဘယ်ဘက်သင်္ကန်းများရှိ အစွန်းငါးကြင်းမြီးသို့ ငှက်ခါးမြီးသဏ္ဍာန်ပေါ်လွင်သည်။ ချက်ပေါ်သည်။ သင်းပိုင်ပေါ်သည်။ အများဆုံး ဘူမိဖဿမုဒြာသာ ထုလုပ်ကြသည်။

  • မျက်နှာတော်ပြဲသည်။ လေးထောင့်စပ်စပ်ကျသည်။
  • မျက်လုံးတော်ပြူးသည်။
  • နှာခေါင်းတော်ပွသည်။
  • လက်မောင်းတော်တုတ်သည်။
  • ခြေတော်မှာ အပေါ်အောက် ထပ်ထားသည်။
  • သဲကျောက်၊ ကြေးတို့ဖြင့် ဆင်းတုတော်ကို ထုလုပ်သည်။

ဟံသာဝတီခေတ်ဗုဒ္ဓဆင်းတုတော်များ ရုပ်ပွားတော်များသည် အိန္ဒိယဟန် တောင်ပိုင်းထုလုပ်မှုပုံသဏ္ဍာန်လက်ရာ လွှမ်းမိုးထားသောဟန်ကို မြန်မာဟန်ဆန်စွာ ပြုပြင်ထားခြင်းဖြစ်သည်။ ဆင်းတုတော်ထုလုပ်မှုသည် မြန်မာဆန်လာသည်။ ဆင်းတုများကို ထို     ဥဏှိဿ (ကေတုမလာမှန်ကင်းတော်) သည် ကြာဖူးကဲ့သို့ လုံးဝန်းသောပုံ၊ မီးလျံပုံ ပြုလုပ်ထားပါသည်။ ဦးခေါင်းတော်အလည်တည့်တည့်တွင် ကြာဖူးပုံ၊ မီးလျှံပုံထုလုပ်ထားင်တော်မူနှင့် လျောင်းတော်မူပုံနှင့် မတ်ရပ်ဆင်းတုများလည်း ထုလုပ်ကြသည်။

ဦးခေါင်းတော်ဆိုင်ရာ အချက်အလက်များ

ဥဏှိဿ (ကေတုမလာ မှန်ကင်းတော်)

ဥဏှိဿ (ကေတုမလာမှန်ကင်းတော်) သည် ကြာဖူးကဲ့သို့ လုံးဝန်းသောပုံ၊ မီးလျံပုံ ပြုလုပ်ထားပါသည်။ ဦးခေါင်းတော်အလည်တည့်တည့်တွင် ကြာဖူးပုံ၊ မီးလျှံပုံထုလုပ်ထားသည်။

မဏိတော် (ဆံတော်)

မဏိတော် (ဆံတော်) သည် ပုဂံခေတ်ထက်ပို၍ ကြီးပြီး ဆံတော်ရွဲတန်းများ သေးငယ်ပါသည်။ အချို့ဆင်းတုဆံတော်များကို ရာဇမတ်ကွက်ကဲ့သို့ ဖော်ထားသည်။

သင်းကျစ်တော်

သင်းကျစ်တော်သည် သေးငယ်၍ ဆံတော်နှင့်နဖူးတော်ကို ပိုင်းခြားထားသော သေးငယ်လှသည့် မျဉ်းတစ်ကြောင်းသာ ဖြစ်သည်။

ဥဏှလုံမွေရှင်တော်

ဥဏှလုံမွေရှင်တော်ဆင်းတုတော်ပြုလုပ်ထုလုပ်ရာတွင် ဥဏှလုံမွေရှင်တော်ကို သီးခြားထုလုပ်ထားခြင်းမရှိ တစ်ခါတစ်ရံ ဆေးဖြင့်ရေးချယ်လေ့ရှိသည်။

 

မျက်နှာတော်ဆိုင်ရာ အချက်အလက်များ

မျက်နှာတော်

မျက်နှာတော်ပြဲသည်။ အချို့မှာ မျက်နှာတော်သွယ်သည်။ မျက်နှာတော် တစ်ခုလုံးတွင် ဗြက်အကျယ်ဆုံးအနေအထားဖြင့် ထုလုပ်ထားသည်။ နဖူးတော်ကား၍ပြားသည်။

နားရွက်တော်

နားရွက်တော်မှာ ပုခုံးသို့ မထိပေ။ နားတော်အခွက်ပါရှိသည်။ နားရွက်တော်အား အပိုင်းသုံးပိုင်းခွဲနိုင်သည်။ အထက်ပိုင်းဗြက်ကျယ်ပြီး၊ အောက်ပိုင်းဗြက်အနည်းငယ်သေးသည်။ အလယ်ပိုင်းတွင် ဗြက်အသေးဆုံးဖြစ်သည်။ ရှေးကျသော ဆင်းတုတော်များ၌ နားခွက်တော် ပါရှိသည်။

မျက်ခုံးတော် ၊ မျက်လုံးတော်

မျက်ခုံးတော် ၊ မျက်လုံးတော်တို့သည် လခြမ်းပုံသဏ္ဍာန်ရှိသည်။ မျက်ခုံးနှင့် မျက်လုံးဝေးသည်။ မျက်လုံးတော် စက္ခုန္ဒြေချ (မျက်လွှာချ) ထားသည်။ မျက်ခုံးတော်၊ မျက်လုံးတော်တို့သည် မြန်မာဆန်လာသည်။

နှာခေါင်းတော်

နှာခေါင်းတော်သည် သာမာန်နှာခေါင်းတော်ရှိသည်။

နှုတ်ခမ်းတော်

နှုတ်ခမ်းတော်သည် သာမန်နှုတ်ခမ်းဟန်ရှိသည်။

 

ကိုယ်လုံးတော်ဆိုင်ရာ အချက်အလက်များ

ကိုယ်လုံးတော်

ကိုယ်လုံးတော်သည် အနည်းငယ်တုတ်ခိုင်၍ ခါးသိမ်၊ ခါးမသိမ် ထုလုပ်ထားသည်။

သင်္ကန်းတော်

သင်္ကန်းတော်မှာ အတွန့်အနည်းငယ်ထင်ရှားပါသည်။ သင်္ကန်းအနည်းငယ်ကြီးလာသည်။ သင်္ကန်းတော်မှာပို၍ထင်ရှားသည်။ စွန်မြီးနှစ်ခွသည် အတွန့်များမပါရှိဘဲ မျဉ်းဖြောင့်ဖြောင့်သာ အဆုံးသတ်ထားလေ့ရှိသည်။ သင်္ကန်းတော်ပိုရှည်ပြီး ရင်ဘတ်တော်အောက်သို့ ရောက်သည်။ အချို့မှာ ခါးတော်အထိပါရှိသည်။

လက်တော်(မုဒြာ)

လက်တော် (မုဒြာ) ဆင်းတုတော်များ၌ လက်မမှလွဲ၍ ကျန်လက်လေးချောင်းသည် အတိုအရှည်တူညီသည်။ လက်ဖမိုးတော်ဗြက်နှင့် လက်ချောင်းတော်ဗြက်တို့ တူညီသည်။ ညာလက်သည် ညာပေါင်ပေါ်တွင်ချထား၍ အောက်၌ ထိထားပြီး ဘယ်ဘက်လက်တင်ထားဟန်ဖြစ်သည်။ ဘူမိဖဿမုဒြာကို အများဆုံး ထုလုပ်ကြသည်။

ခြေတော် (အာသန)

ခြေတော် (အာသန) သည် ဘယ်ခြေဖဝါးပေါ်တွင် ညာခြေဖဝါးကို ထပ်ထားသည့် ပုံစံဖြစ်သည်။

 

အသုံးပြုပစ္စည်းများ

ဆင်းတုတော်များကို သဲကျောက်၊ ထုံးကျောက်၊ သစ်သား၊ ကြေး တို့ဖြင့်သာ ထုလုပ်ကြသည်။

ဘူမိဖဿမုဒြာ

မြေကြီးကို လက်များထိထားသောဟန်ဖြစ်သည်။ ဝသုန္ဒရီမြေကြီးကို သက်သေညွှန်းသော ဟန်ဟုလည်းခေါ်သည်။ လက်ယာလက်သည် လက်ယာဒူးမှ အောက်သို့ တွဲလဲချ၍ထားသည်။ လက်ဖဝါးကို အတွင်းဘက်သို့ လှည့်ထားပြီးလျှင် လက်ချောင်းများအားလုံးကိုဖြန့်၍ အောက်တည့်တည့်သို့ စိုက်ကာကြာပလ္လင်ကို ဖြစ်စေ၊ မြေကြီးကိုဖြစ်စေ၊ ထိုင်ခုံတစ်ခုခုကိုဖြစ်စေ ထိထားသောဟန်ဖြစ်သည်။ လက်ဝဲလက်မှာ ပေါင်ခွင်ပေါ်တွင် လက်ဖဝါးလှန်၍ တင်ထားသည်။ လက်ယာလက်ဖဝါးကိုလည်းမြင်ရသည်။ လက်ဝဲလက်ဖဝါးကိုလည်း မြင်နိုင်ပေသည်။ ဂေါတမမြတ်စွာဘုရားသည် ဗောဓိပင်ရင်း၌ ဘုရားအဖြစ်သို့ ရောက်၍ အပရာဇိတပလ္လင်ထက်ဝယ်စံနေတော်မူစဉ် မာရ်နတ်သားက လာရောက်တိုက်ခိုက်ပေသည်။ ထိုအခါမြတ်စွာဘုရားက ဝသုန္ဒရာမြေကြီးကို သက်သေညွှန်းခြင်းဖြင့် မာရ်စစ်သည်အပေါင်းကို အောင်နိုင်တော်မူခဲ့လေသည်။

မာရ်နတ်ကို အောင်မြင်တော်မူခန်းကို သရုပ်ဖော်ရာ၌ ဘူမိဖဿမုဒြာကို ထုလုပ်ခဲ့သည်။ တိဗက်မြန်မာအယူအဆဆိုလျှင် ပထဝီမြေကြီးဓာတ်သည် မကုန်ခမ်းနိုင်သောသဘော၊ ခိုင်မာသောသဘော၊ ထောက်ခံသောသဘော၊ ထိတွေ့ကိုင်တွယ်၍ ရနိုင်သောသဘောတည်းဟူသော ဂုဏ်ထူးဝိသေသများဖြင့် ပြည့်စုံသည်။

လေးဆူတွဲဗုဒ္ဓဆင်းတုတော် (လေးမျက်နှာဘုရား)

လေးဆူတွဲဗုဒ္ဓဆင်းတုတော် (လေမျက်နှာဘုရား) ဖြစ်ပြီး ကျိုက်ပွန်ဘုရားပုံစံဟုလည်းခေါ်သည်။ အရပ်လေးမျက်နှာမူ၍ ထုလုပ်ထားသည် ဘုရားလေးဆူပုံဖြစ်သည်။

ညောင်ရမ်းမင်းတြားကြီးသည် သက္ကရာဇ် ၉၅၉ ခု (အေဒီ၁၅၉၉) တွင် ဒုတိယအင်းဝဟု ခေါ်သော ရတနာပူရနေပြည်တော်ကို တည်ခဲ့သည်။ ယင်းကို ညောင်ရမ်းခေတ်ဟုခေါ်ပြီး မင်းဆက် ၁၁ ဆက် နောက်ဆုံးမင်း ဓမ္မရာဇာဓိပတိလက်ထက် ၁၁၁၃ (အေဒီ ၁၇၅၂) တွင် ညောင်ရမ်းမင်းဆက်ကုန်သည်။

ယင်းခေတ်တွင် ဆင်းတုများကို မွန်ပုံ၊ သီဟိုဠ်ပုံ ၊ ရှမ်းပုံများ ထုလုပ်ကြောင်း လေ့လာတွေ့ရှိရသည်။ ညောင်ရမ်းခေတ်တွင် ပုဂံခေတ်ဆင်းတုတော်များနှင့်လည်းကောင်း၊ အင်းဝခေတ်ဆင်းတုတော်များနှင့်လည်းကောင်း ကွဲပြားခြားနားလာသည်။ မေးတော်ဝိုင်း၍ မျက်ခုံးတော်နှင့် မျက်လုံးတော် ဝေးကွာသည်။

ဥဏှိဿ (မှန်ကင်းတော်)

ကြာဖူးကဲ့သို့လုံးဝန်းသော သဏ္ဍာန်ရှိသည်။ ဦးခေါင်းတော်ထိပ်တည့်တည့်တွင် တည်ရှိသည်။ အင်းဝခေတ် ဥဏှိဿနှင့် အတူညီပေ။

မဏိတော် (ဆံတော်)

ပုဏိတော် (ဆံတော်)

ပုဂံခေတ် ဆင်းတုတော်ထက်ပိုကြီးသည်။ ဥဏှိဿနှင့် မဏိတော်တို့အမြင့်သည် ဆတူခန့်ရှိသည်။ ဆံတော်များသေးငယ်သည်။

နဖူးတော်

နဖူးတော်ကျယ်လာပြီး၊ နားထင်တော် ဗြက်အကျယ်ဆုံးဖြစ်သည်။

သင်းကျစ်တော်

သင်းကျစ်တော်သည် ဆံတော်နှင့်နဖူးတော်တို့ ပိုင်းခြားထားသော သေးငယ်လှသည့် မျဉ်းတစ်ကြောင်းသာဖြစ်သည်။ အင်းဝခေတ်နှင့် တူညီသည်။

ဥဏှလုံတော်

ဥဏှလုံတော် မွေရှင်တော်ထည့်သွင်းထားခြင်းမျိုးမတွေ့ရသော်လည်း အချို့ဆင်းတုတော်များကို ဆေးချယ်ထားသည်။

နားရွက်တော်

မျက်ခုံးတော်မှ ပုခုံးတော်သို့ ထိသည်။

နှာခေါင်းတော်

နှာခေါင်းတော်မျဉ်းတစ်ပြေးတည်းရှိသည်။ ဘေးဘက်မှကြည့်လျှင် ပြားပြီး ထုမရှိချေ။

မျက်လုံးတော်

စက္ကုန္ဒြေချဟန်ရှိသည်။ မျက်လုံးနှင့် မျက်ခုံးဝေးသည်။

နှုတ်ခမ်းတော်

ပါးပြီးအလျားရှည်သည် ပြုံးယောင်သမ်းသည်။

မေးတော်

လုံးဝန်းပြီးရှေ့သို့မထွက်ချေ။

လည်ပင်းတော်

လည်ရေးသုံးဆင့်ရှိသည်။ မျက်နှာတော်နှင့် နှိုင်းစာလျှင် သေး၍ရှည်သည်။

ကိုယ်လုံးတော်

အင်းဝခေတ်ပုံသဏ္ဍာန်ဟန် ထုလုပ်သည်။

သင်္ကန်းတော်

ပိုမိုပေါ်လွင်လာသည်။ ပုခုံးပေါ်တွင် သင်္ကန်းတော် နှစ်ထပ် ထုလုပ်ထားသည်။

လက်တော်

လက်မောင်းတော်နှင့်လက်ချောင်းတော်တို့ သေးသွယ်ရှည်လျားပြီး အချို့ဆင်းတုတော်များမှာ အလျားနှင့် လုံးပတ် တူညီသည်။ ဘူမိဖဿမုဒြာဟန် ထုသည်။

ခြေတော်

တင်ပလ္လင်ခွေ (တင်ပျဉ်ခွေ) ချိတ်အနေအထား ထုလုပ်ကြသည်။

ပလ္လင်တော်

ကျောက်ဆင်းတုကို ပလ္လင်နိမ့်နိမ့်ထုပြီး သစ်သားနှင့် ကြေးဆင်းတုတော်များ၏ ပလ္လင်များသည် မြင့်သည်။ အချို့ဆင်းတုတော်များ၏ ပလ္လင်သည် ဥာဏ်တော်အမြင့်နှင့်ညီမျှစွာ ထုလုပ်တတ်ကြသည်။

အသုံးပြုပစ္စည်း

ကြေးဝါ၊ အင်္ဂတေ၊ သစ်သားရွှေချမံကိုယ်တော်၊ စကျင်ကျောက်၊ ထုံးကျောက်ဖြူကို သုံးသည်။

ထူးခြားချက်

ဒူးအချွန်နှစ်ဖက်အကွာအဝေးသည် ဒူးမှမေးတော်အကွာအဝေးထက် မကျော်လွန်၊ နားကင်းပါသည်။ မကိုဋ်သရဖူဆောင်းပါရှိသည်။

၁၁၁၄ မှ ၁၂၄၇ ခု (အေဒီ ၁၇၅၂ မှ အေဒီ ၁၈၈၅) ခုနှစ်အထိ ကာလကို ကုန်းဘောင်ခေတ်ဟု ခေါ်ဆိုကြသည်။ အလောင်းဘုရားဦးအောင်ဇေယျမှ သီပေါမင်းအထိကာလကို ဆိုလိုပါသည်။

ညောင်ရမ်းခေတ်နှောင်းပိုင်း ဆင်းတုထုလုပ်မှု လွှမ်းမိုးခဲ့ပါသည်။ အာန္ဒာဘုရား၏ အနောက်ဘက်မတ်ရပ်ဆင်းတုရုပ်ပွားတော်ကြီးသည် ကုန်းဘောင်ခေတ်ဦး ရုပ်ပွားတော်ကြီးဖြစ်ပါသည်။

အမရပူရခေတ် ဘိုးတော်ဘုရား အမရပူရသို့ ပြောင်းရွှေ့နန်းစံသော နှစ်သက္ကရာဇ် ၁၁၄၄ ခုနှစ် (အေဒီ ၁၇၈၂) ပုဂံမင်းလက်ထက် သက္ကရာဇ် ၁၂၁၅ ခုနှစ် (အေဒီ၁၈၅၃) ထိ ကြာမြင့်ခဲ့ပါသည်။ ဘိုးတော်ဘုရားလက်ထက်တွင် ဆင်းတုပုံသဏ္ဍာန်ပြောင်းလဲလာခဲ့သည်။

ဥဏှိဿ (မှန်ကင်းတော်)

မှန်ကင်းတော်သည် ပို၍ရှည်လာပြီး ကြာဖူးသဏ္ဍာန်သာမက အချို့သော ကိုယ်တော်တို့တွင် သစ်သားကို ပွတ်လုံးထိုး၍အခုံးအခွက်အချိုင့်အမျိုးမျိုးလှပစွာ တန်ဆာဆင်သည်။ ဥဏှိဿသည် ညောင်ရမ်းခေတ်ထက်ကုန်းဘောင်ခေတ်ပိုရှည်သည်။

မဏိတော် (ဆံတော်)

နိမ့်ပြီးဗြက်ပိုကြီးသည်။ ရွဲလုံးတန်းများ စီထားသော ဆံတော်ရှိသည်။ အချို့သည်ကိုယ်လုံးတော်များတွင် ချွန်ထက်သော သရိုးဆံတော် (ပိန္နဲဆူး) များ ပါရှိသည်။

သင်းကျစ်တော်

သင်းကျစ်တော် ထင်ရှားစွာပါရှိသည်။ သင်းကျစ်တော်ဒေါင်လိုက်အစင်းများ ကြာဖတ်များ၊ အပွင့်တန်းများဖြင့် သပ္ပါယ်စွာ တန်ဆာဆင်ထားပါသည်။

ဥဏှလုံမွေရှင်တော်

ဥဏှလုံမွေရှင်တော်ကိုထည့်သွင်းထုလုပ်လေ့ မရှိကြောင်းတွေ့ရှိရသည်။

နားရွက်တော်

ပုခုံးနှင့် နားရွက်ထိနေသည့် တစ်ဆက်တည်းနားရွက်တော်ရှိသည်။

မျက်ခုံးမျက်လုံးတော်

မျက်ခုံးနှင့်မျက်လုံးတော်တို့သည် အနည်းငယ်ကပ်လာသည်။ မျက်လုံးသည် မျက်လွှာချ၍ အနည်းငယ် ပွင်လာပါသည်။

နှာသီးတော်

ဗြက်အနည်းငယ်ကျယ်ပြီး နှာသီးတော် ထိပ်ချွန်၍ ရှည်သည်။

နှုတ်ခမ်းတော်

မထူမပါးရှိပြီး အဖျားကော့သည်။ နှုတ်ခမ်းတော်အလျားအနည်းငယ်တိုပြီး ထူသယောင် ရှိလာသည်။

မေးတော်

မေးတော်အနည်းငယ်ချွန်သည်။

လည်ပင်းတော်

လည်ပင်းတော်အနည်းငယ်တိုသည် လည်ရေးသုံးဆင့်ကို အရေးအကြောင်းမျှသာထည့်သည်။

သင်္ကန်းတော်

အတွန့်များပါရှိသည်။

အသုံးပြုသောပစ္စည်း

ရွှေ၊ ငွေ၊ ကြေး၊ စကျင်ကျောက်၊ အင်္ဂတေ၊ သစ်သား၊ မံဘုရားတို့ဖြစ်သည်။

ထူးခြားချက်

ကုန်းဘောင်ခေတ်နှင့် အမရပူရခေတ်တွင် ဥဏှိဿရှည်လျားသည်။ ရတနာပုံခေတ်တွင် ဥဏှိဿသည် နိမ့်၍ မဏိတော်နိမ့်သည့် ပုံသဏ္ဍာန်ရှိသည်။ ကိုယ်လုံးတော်မှာ ညောင်ရမ်းခေတ်နှင့် အမရပူရခေတ် တူညီကြသည်။

မင်းတုန်းမင်းလက်ထက်မှ သီပေါမင်းလက်ထက်အထိ (၁၈၅၃ မှ ၁၈၈၅) ခုနှစ်ထိ ကာလကို ဆိုလိုပါသည်။ ဦးခေါင်းတော်တွင် မှန်ကင်းတော်မပါရှီတော်ချေ၊ ထက်ဝယ်ဖွဲ့ခွေဆင်းတုတော်များအပြင် လျောင်းတော်မူ၊ မတ်ရပ်ကိုယ်တော်များကို ထုလုပ်ကြပါသည်။ အထူးသဖြင့် သင်္ကန်းတော်များကို ထုလုပ်ကြသည်။ သင်္ကန်းတော်များကို ဦးစားပေးထုလုပ်ကြပါသည်။ အချို့ဆင်းတုများကို မှန်စီရွှေချ၍ ပြုလုပ်ကြသည်။

 

ဥဏှိဿ (မှန်ကင်းတော်)

ဥဏှိဿ(မှန်ကင်းတော်) လုံးဝမပါရှိတော့ပါ။

မဏိတော်

ပိုကြီး၍ ဆံတော်မှာ သေးငယ်သော ရွဲလုံးတန်းများပါရှိသည်။

သင်းကျစ်တော်

ဗြက်ပိုကြီးလာသည်။ လှပတင့်တယ်မှုကို ရှိစေရန် ပန်းခက်၊ ပန်းနွယ်သဏ္ဍာန် တန်ဆာထားပါသည်။

ဥဏှလုံမွေရှင်တော်

ထုလုပ်စဉ်ကပင် ထည့်သွင်းခြင်းမပြုပေ။ ဆေးဖြင့်ရေးချယ်ကာ ခရုခွေသဏ္ဍာန်ဖြစ်သည်။

နားရွက်တော်

နားရွက်တော် ပုခုံးနှင့်ထိသည်။ နားရွက်တော် အရင်း၌ အနည်းငယ်ကားသည်။

မျက်ခုံးမျက်လုံးတော်

မျက်နှာ၏ ကန့်လန့်မျဉ်းအတိုင်းရှိသည့်အပြင် အပြင်ပိုင်းအနည်းငယ်ရှူးသွားသည်။

နှာသီး

နှာသီးတော်ထိပ်သည် ချွန်၍ ရှည်သည်။ နှာတံအနည်းငယ်စင်းသည်။

မေးတော်

မေးတော်အနည်းငယ်ချွန်ရုံသာရှိ၍ ဝိုင်းသကဲ့သို့ရှိသည်။

လည်ပင်းတော်

လည်တံတိုသည်။ လည်ရေး ၃ ဆင့် အရေးအကြောင်းမျှသာပါရှိသည်။

သင်္ကန်းတော်

အတွန့်များပါရှိသည်။ သင်္ကန်းတော် ဘယ်ဘက်သည် မြင့်တက်နေသည်။

ကိုယ်လုံးတော်

ကိုယ်လုံးတော် တစ်ဖြောင့်တည်းရှိသည်။

ခြေတော်

ထက်ဝယ်ဖွဲ့ခွေထိုင်သောပုံတွင် ခြေဖဝါးနှစ်ဖက် ချိတ်၍ဖဝါးပေါ်နေဟန် ထုလုပ်ပူဇော်မှုရှိသည်။

အသုံးပြုပစ္စည်း

ရွှေ၊ ငွေ၊ ကြေး၊ စကျင်ကျောက်၊ အင်္ဂတေမံ ကိုယ်တော်၊ သစ်သားရွှေချ၊ သစ်သားမှန်စီရွှေချဖြစ်သည်။

ထူးခြားချက်

ကုန်းဘောင်ခေတ်တွင် ဥဏှိဿသည် ရှည်လျားသည်။ ရတနာပုံခေတ်တွင် ဥဏှိဿသည် နိမ့်၍ မဏိတော်နိမ့်သည်။

  • ငွေ
  • ကိုလိုနီခေတ်
  • ဗုဒ္ဓဝင်ရုပ်ပုံတော်ဖြင့် သရုပ်ဖော်ထားသည်
  • ရန်ကုန်မြို့နေ သူဌေး ဦးညို၊ သူဌေးကတော် ဒေါ်ညွန့်တို့က သက္ကရာဇ် ၁၂၉၁ ခုနှစ်တွင် လှူဒါန်းသည်။