ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပသည်။ နှစ်စဉ်တန်ခူး လဆန်း (၁၀) ရက်နေ့မှ လဆုတ် (၅) ရက်နေ့ အထိ (၁၀) ရက်တိုင်တိုင် ကျင်းပသည်။ ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃပူဇာဟူ၍ အစီအစဉ် (၃) ရပ်နှင့် ကျင်းပပြီး တန်ခူးလပြည့်နေ့တွင် သံဃာအပါး (၅၀၀) အား ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပသည်။ ကုန်ပစ္စည်းရောင်းဝယ်ရေးအစီ အစဉ်၊ ပျော်ပွဲရွှင်ပွဲအစီအစဉ်များ ပါဝင်သည်။