ဆုတောင်းပြည့် ရွှေမော်ဓော စေတီတော်မြတ်ကြီး

အာရုံခံမုခ်ဦးများ
မြောက်ဘက် အာရုံခံမုခ်ဦး
မြောက်ဘက် အာရုံခံမုခ်ဦး

ပဲခူးမြို့၊ အပေါင်ဆိုင်သူဌေး ဦးအစစ်နှင့် ဦးဇင်ရင် ညီအကိုတို့က လှူဒါန်းသည်။ ဆုတောင်းပြည့်ဘုရားနှင့် ယက္ခမယ်တော်ကြီးရုပ်ပွားတော်များ၊ မြောက်ဘက်အာရုံခံတန်ဆောင်းတည့်တည့် အပေါ်ပစ္စယံတွင် တည်ရှိ သည်။ စေတီတော်၏ ခေါင်းလောင်းအောက် ကြာလှန်ကြာမှောက်ပန်းတွင် ဘီလူးရုပ်တစ်ခုပါဝင် ဖော်ဆောင်ထားသည်။ တန်ဆောင်းမြောက်ဘက်ကပ်လျက် အမျိုးသမီးများ၊ ယက္ခမယ်တော်ကြီး ဖူးမြော်ရန် တန်ဆောင်းငယ်တစ်ခု ဆောက်လုပ်ထား သည်။ ရွှေစင်္ကြာဆေးလိပ်ရုံပိုင်ရှင် ဦးချစ်ဖေ၊ ဒေါ်ငွေရင် အမှူးပြုသော ဆေးလိပ်ရုံလုပ်သား များ မြန်မာ့သုခုမအနုပညာလက်စွမ်းဖြင့် သိကြားဗိမာန် ဝေဇယန္တာပြဿဒ်ပမာ မွမ်းမံခြယ်သ ပြုလုပ်ထားသည်။ ၂၀၂၃ ခု၊ မတ်လအတွင်း စေတီတော်ဘက်စုံပြုပြင် ထိန်းသိမ်းရေးကော်မတီက ကြီးမှူး၍ ဦးရန်နိုင်+ဒေါ်ဖြူဖြူအောင် (အောင်သမာဓိရတနာရွှေဆိုင်)မှ အလှူငွေကျပ်သိန်း (၃၀) လှူဒါန်းကာ စောင်းတန်းအမိုးများ ဆေးသုတ်ခြင်း၊ လှေကားအခင်းကြွေပြားများ လဲလှယ်ခြင်း ပြုလုပ်ခဲ့သည်။ အလှူရှင် တောင်ထိပ်ပန်းပွင့်မိသားစု ဦးဇေယျာထွဋ်မှ ဘုရားနောက်ခံမီးစင်္ကြာဘိုးငွေ ကျပ် ၁၁၁၅၀၀၀/- ထည့်ဝင်လှူဒါန်းခဲ့သည်။

အနောက်ဘက် အာရုံခံမုခ်ဦး

အနောက်ဘက်အာရုံခံတန်ဆောင်းကို လိပ်ပြာကန်ရပ် ဒေါ်ငွေနှင်းအမှူးရှိသော ညီအမတို့ က တာဝန်ယူဆောက်လုပ်လှူဒါန်းခဲ့သည်။ အဆိုပါတန်ဆောင်းနှင့်တဆက်တည်း စောင်းတန်းကို လည်း မြို့မဈေးသူဈေးသားများမှ တပဲစီစုဆောင်းကာ ဆောက်လုပ်လှူဒါန်းခဲ့၍ တပဲစောင်းတန်း ဟု ခေါ်သည်။ ယခု ၂၀၂၃ ခုတွင် ရွှေမော်ဓောဘုရားဘက်စုံပြုပြင်ထိန်းသိမ်းရေးကော်မတီမှ ကြီးမှူးပြီး မူလအလှူရှင်မိသားစု ဦးလှတင်+ဒေါ်စန်းစန်းမိသားစုမှ ငွေကျပ် (၂၀၀၆၀၀၀/-) သိန်း အကုန်အကျခံ၍ အမိုးများဆေးသုတ်ခြင်း၊ အခင်းကြွေပြားများ လဲလှယ်ခြင်းများ ဆောင်ရွက်ခဲ့ သည်။ အာရုံခံတန်ဆောင်းနှင့် တဆက်တည်း အနောက်ဘက်စောင်းတန်း ပြိုပျက်နေမှုများအား မုခ်ဦးစောင်းတန်းမှ ကုန်းတော်ရင်ပြင်ပေါ်ထိ ရန်ကုန်မြို့ မြန်မာအင်ဂျင်နီယာသမဂ္ဂတို့က သံတန်ဆောင်းကြီးကို ဆောက်လုပ်လှူဒါန်းခဲ့သည်။ တန်ဆောင်းရှိ သံဆွဲတံခါးကိုလည်း ဟံသာဝတီ ဆန်စက်ပိုင်ရှင် ဦးလုံစိန်+ဒေါ်စိန်ကြည် မိသားစုမှ တပ်ဆင်လှူဒါန်းခဲ့သည်။

အရှေ့ဘက် အာရုံခံမုခ်ဦး

အရှေ့ဘက်အာရုံခံမုခ်ဦးကို ရန်ကုန်မြို့၊ ရွှေတောင်တန်းပွဲစားကြီး ဦးစံ+ဒေါ်တင်တို့က ကောဇာသက္ကရာဇ် ၁၃၁၈ ခုနှစ်တွင် လှပတင့်တယ်စွာ ဆောက်လုပ်လှူဒါန်းခဲ့သည်။ ၂၀၂၃ခု မတ်လအတွင်း ဦးဝင်းသော်မိသားစုမှ လှေကားကြွေပြားခင်းခြင်း၊ ဆေးသုတ်မွမ်းမံခြင်းအတွက် အလှူငွေ (၄၅)သိန်း ထည့်ဝင်လှူဒါန်းခဲ့သည်။

တောင်ဘက် အာရုံခံမုခ်ဦး

ပဲခူးမြို့၊ ဇိုင်းဂနိုင်းရပ်၊ ဆန်စက်ပိုင်ရှင် ဒေါ်အေးမြ၊ ဒေါ်စောရင်၊ ဦးဇင်ရင် ညီအစ်ကိုတို့က လှူဒါန်းသည်။ ရွှေမော်ဓောစေတီတော် ဘက်စုံပြုပြင်မွမ်းမံထိန်းသိမ်းရေးကော်မတီလက်ထက် ၂၀၂၃ ခုနှစ်တွင် ဦးဉာဏ်ဝင်း (ဝန်ကြီးချုပ်-ငြိမ်း)မှ ကျပ် ၂၂၆၈၅၀၀/- လှူဒါန်းပြိး တောင်ဘက် ​စောင်းတန်းအား ဆေးသုတ်မွမ်းမံခြင်း၊ အခင်းများလဲလှယ်ခြင်းများ လှူဒါန်းခဲ့သည်။