ဆုတောင်းပြည့် ရွှေမော်ဓော စေတီတော်မြတ်ကြီး

သာသနိက အဆောက်အဦများ
ဧတဒဂ်တန်ဆောင်း

ရင်ပြင်တော် အရှေ့မြောက်ထောင့်တွင် ရှိသည်။ ဧတဒဂ်တန်ဆောင်းအတွင်း ဧတဒဂ်ဘွဲ့ထူးရ ရဟန္တာပုဂ္ဂိုလ် ၃၅ ပါး၊ တဒဂ်ဘွဲ့ရ သူတော် စင်များ၊ ဝိဇ္ဇာဇော်ဂျီ ထေရီမီ စသည့်ပုဂ္ဂိုလ်ထူး များ၏ ရုပ်ထုတော် (၄၉) ပါး၊ ပေါင်း (၈၄) ပါး၏ ရုပ်ထုတော်များ ထုလုပ်ပူဇော်ထားသည်။ ၂၀၂၃ ခုနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးမှ ဆေးသုတ်မွမ်းမံလှူဒါန်းခဲ့သည်။ တန်ဆောင်းတွင် နှစ်စဉ် ပဋ္ဌာန်းပွဲကျင်းပ သည်။

ဇော်ဂျီတန်ဆောင်း

ပန်းလှိုင် ၂၃ လမ်းနေ ဦးဘိုဟန်၊ ဒေါ်သောင်းမိသားစု (ကျောက်တန်းရွာ) မှ ဆောက်လုပ်လှူဒါန်းသည်။ဇော်ဂျီ ရုပ်ထုရှိပြီး ငှက်ပျောဖူးတော်ကြီးနှင့် တန်ဆောင်းတွင် အဓိဋ္ဌာန်ဝင်ကာ ထွက်ရပ်ပေါက်များ ရှိခဲ့ဖူးသည်။

စိန်တန်ဆောင်း

ရင်ပြင်တော်အရှေ့ဘက်တွင်ရှိပြီး အလှူအတန်းများ ပြုလုပ်သောနေရာ ဖြစ်သည်။

ဓမ္မရွှေရည်တန်ဆောင်း

ရင်ပြင်တော်၏ အရှေ့ဘက်တွင်ရှိ သည်။ ဦးလှရွှေ (ထွေ/ဂျာ၊ လယ်စိုက်ရှင်း) အား ရည်စူး၍ ဒေါ်မြင့်မြင့်ရီ၊ သားသမီးများ ၂၀၀၅ ခု၊ ဇူလိုင်လ (၂၁) ရက်နေ့ ဆောက်လုပ်လှူဒါန်းသည်။

ပြည်ထောင်စုတန်ဆောင်း

ရင်ပြင်တော်၏ အရှေ့ဘက်တွင်ရှိသည်။ တိုင်းရင်းသားရုပ်ထုများရှိပြီး တိုင်းရင်းသား တန်ဆောင်းဟုလည်း ခေါ်သည်။

ဓမ္မစကြာတန်ဆောင်း

ဓာတ်မီး ဦးဘညွန့် + ဒေါ်သန်းရင် သားသမီးမြေးတစ်စုမှ ၁၉၇၇ ခု၊ စက်တင်ဘာလတွင် လှူဒါန်းသည်။

တနင်္ဂနွေတန်ဆောင်း

ကွယ်လွန်သူ မိဘများ ရည်စူးပြီး ဆရာဝန် ဦးဘသင်၊ ဒေါ်ချမ်းချမ်းမိသားစုမှ (၈-၈-၁၉၈၀) ခုနှစ်တွင် လှူဒါန်းသည်။

မြင်းကျားဓမ္မာရုံ

အလှူအတန်းများ၊ အခမ်းအနားများ အဓိကဆောင်ရွက်သည်။ ၁၉၉၉ ခုနှစ်တွင် အလှူဒကာ ဦးမြင့်စိန် + ဒကာမဒေါ်လှကြည်မိသားစုလှူဒါန်း ဆောက်လုပ်ထားခြင်းဖြစ်သည်။ ရင်ပြင်တော်၏ တောင်ဘက်တွင်ရှိသည်။

ခြေတော်ရာတန်ဆောင်

ဘုရားရှင်၏ စက်လက္ခဏာပါ ခြေ တော်ရာတည်ရှိရာ တန်ဆောင်းဖြစ် သည်။

ဆက်ဆက်ဋ္ဌေးတန်ဆောင်း

တောင်ဘက်မုခ်အနီးတည်ရှိသည်။ အလှူရှင် ဈေးပိုင်းမှ ဆက်ဆက်ဋ္ဌေး လှူဒါန်းသည်။ သစ်ကနက်ဘုရား တည်ရှိရာ တန်ဆောင်းဖြစ်သည်။

မဟာသမယတန်ဆောင်း

ရင်ပြင်တော်၏ တောင်ဘက်တွင် ရှိသည်။

ပျော်ဘွယ်ကြီးတန်ဆောင်း

ဦးလိပ်ကျောက်၊ ဒေါ်နှစ် မိသားစုမှ ခရစ်နှစ် ၁၉၅၇ ခုတွင် ဆောက်လုပ်လှူဒါန်းသည်။ ပျော်ဘွယ်ကြီး ရုပ် ပွားတော်တည်ရှိရာ တန်ဆောင်းဖြစ် သည်။

နှစ်ကျိပ်ရှစ်ဆူတန်ဆောင်း

နှစ်ကျိပ်ရှစ်ဆူရုပ်ပွားတော်များ တည်ရှိသည်။ ရင်ပြင်တော်၏ အနောက်တောင်ဘက်တွင် တည်ရှိသည်။ ဦးရွှေမျှင်+ဒေါ်ဖူး သားသမီးတစု လှူဒါန်းသည်။

ဦးရွှေဖိန်းတန်ဆောင်း

ဦးရွှေဖိန်း၊ ဒေါ်ကြူးလျံ မိသားစုတို့မှ ၁၉၈၇ ခုနှစ် တွင် ဆောက်လုပ်လှူဒါန်းသည်။

စိန်ရွှေတန်ဆောင်း

စိန်ရွှေရတနာကုန်သည်များအသင်းမှ ခရစ်နှစ် ၁၉၅၄ ခုနှစ်တွင်ဆောက် လုပ် လှူဒါန်းသည်။

ဦးဖိုးကျားတန်ဆောင်း

ဦးဖိုးကျား+ဒေါ်တင်မိသားစုမှ ကော ဇာသက္ကရာဇ် ၁၃၁၄ ခုနှစ်တွင် ဆောက်လုပ်လှူဒါန်းသည်။ နှီးဘု ရား၊ ဆင်စီးမြင်းရံဘုရားများ တည် ရှိသည်။

ပဋ္ဌာန်းဗိမာန်

အလှူရှင် ပြုံးသီရိမှ စတင်တည် ဆောက်ခဲ့ပါသည်။ ပြီးစီးအောင် တည်ဆောက်နိုင်ခြင်းမရှိ၍ ဘုရားရန်ပုံငွေမှ ပဋ္ဌာန်းဗိမာန် အလှူငွေဖြင့် အပြီးဆောက်လုပ်သည်။

မွန်ဓမ္မာရုံ

သုဒဿနကုန်းတော်အနောက်ဘက် စောင်းတန်းအနီး ခြင်္သေ့နှစ်ကောင်အနီး တည်ရှိသည်။ မွန်လူမျိုးများစုပေါင်းတည်ဆောက်ထားပြီး မွန်ပြည်နယ်နေ့ အခမ်းအနားများ နှစ်စဉ်ကျင်းပသည်။

စွန်ပလွန်ကန်

ဝတ္တုကံမြေ သုဒဿနလမ်းဘေးတွင် တည်ရှိသည်။ ရှေးခေတ်မင်းညီ မင်းသားများ ဘုရားမဖူးမီခေါင်းဆေး မင်္ဂလာပြုလုပ်သောကန်ဖြစ် ကြောင်း သိရသည်။ ယခု ကန်တစ်ဘက်တစ်ချက်တွင် ပန်းခြံများ ပြု လုပ်ထားသည်။

ယာဉ်ရပ်စခန်း

ဘုရားဝတ္တုကံမြေ သုဒဿနလမ်းဘေး တည်ရှိသည်။ ယာဉ်များ၊ ဆိုင်ကယ်များ၊ စနစ် တကျ ရပ်နားနိုင်ရန် (၁၄-၈-၂၀၂၂) ရက်နေ့တွင် တည် ဆောက်၍ (၁၄-၉-၂၀၂၂) ရက်တွင် ပြီးစီးသည်။ တန်ဘိုးငွေ (၃၄၈) သိန်းကျော် ကုန်ကျသည်။

ရွှေ့လျားစက်လှေကား

ခရစ်နှစ် ၂၀၂၂ ခုနှစ်တွင် Integral Interna-tional Ltd နှင့် စာချုပ်ချုပ်ဆို တည်ဆောက်ခဲ့ ခြင်းဖြစ်သည်။ အနောက်ဘက်စောင်းတန်းတွင် တပ်ဆင်ထားသည်။ စက်လှေကားဆိုင်ရာ အချက် အလက်များမှာ-

  • တန်ဖိုး   =  ကျပ်သုံးထောင်ကိုးရာငါးဆယ်သိန်း
  • ထုတ်လုပ်သည့်ကုမ္ပဏီ  =  Hyundai Elevator Co., Ltd 
  • တပ်ဆင်သည့်နေ့  =  ၂၅-၆-၂၀၂၂
  • ဖွင့်လှစ်သည့်နေ့  =  ၆-၁၁-၂၀၂၂
  • အရှည် (တက်/ဆင်း)  =  ၉၉ ပေ ၆ လက္မ
  • အမြင့်  =  ၁၉ ပေ
  • ဒီဂရီအမြင့်  =  ၁၂ ဒီဂရီ
  • အကျယ်  =  ၃ ပေ ၃ လက္မ
ဓာတ်လှေကား

အနောက်ဖက်စောင်းတန်းအလယ်ဖြတ်တွင်တည် ရှိသည်။ ရန်ကုန်မြို့မှ အလှူရှင် ဒေါ်တင်တင်မှ လှူဒါန်းသည်။ ဓာတ်လှေကားအတိုင်းအတာ ၁၀ ပေ × ၁၀ ပေ × ၂၀ ပေ ရှိသည်။ စင်္ကြံ လမ်းအတိုင်းအတာ ၁၀ ပေ × ၈၈ ပေ × ၁၀ ပေ ရှိသည်။

  • ပန္နက်တင်ရက်  =  ၁၁-၄-၂၀၁၈
  • ဓာတ်လှေကားဖွင့်ပွဲရက်  =  ၃-၁၁-၂၀၁၈
အများသုံးအခမဲ့အိမ်သာ

ကိုရီးယားနိုင်ငံ Suwon ကုမ္ပဏီမှ ခရစ်နှစ် ၂၀၁၉ ခုနှစ်တွင် တည်ဆောက်လှူဒါန်းထား ခြင်းဖြစ်သည်။ တန်ဘိုးငွေ ဒေါ်လာ(၆၅၀၀၀) နှစ်ထပ်အဆောက်အအုံဖြစ်သည်။ ကျား/မ အခမဲ့ အိမ် သာအဆောက်အအုံဖြစ်သည်။ WTA World Toilet Association မှ လှူဒါန်းပြီး ကိုရီးယား Sunshine Yangoon မှ တာဝန်ယူဆောက်လုပ်သည်။ (၂၇-၁၂-၂၀၁၉) ရက်နေ့တွင် အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ Korea နိုင်ငံ WTA မှ director Mr. Sim Young Cham တို့ တက်   ရောက်ဖွင့်လှစ်ခဲ့သည်။