ဆုတောင်းပြည့် ရွှေမော်ဓော စေတီတော်မြတ်ကြီး

ဗုဒ္ဓဝင်ပြတိုက်

ဗုဒ္ဓဝင်ပြတိုက်

၁၉၈၄ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ရှေးဟောင်းသမိုင်းဝင် ပစ္စည်းစုစုပေါင်း ၁၇၀၁ ခုအား ပြသထားခဲ့ပါသည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး ချုပ်သည် ခင်းကျင်းပြသထားသော ဆင်းတုတော်များကို ခေတ်အလိုက် စနစ်တကျ စာရင်းပြုစုသွားရန်နှင့် ရှေးဟောင်းပစ္စည်း ဟုတ်/ မဟုတ် ခွဲခြားပေးနိုင်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ အဆိုပါလမ်းညွှန်မှာကြားချက်ရ ဦးစိန်ဝင်း ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) (ပျူကျောက်စာနှင့်ရှေးဟောင်း ၀တ္ထုပစ္စည်းပညာရှင်)  ဦးစီး၍ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်၊ ပဲခူးဌာနခွဲနှင့် ရန်ကုန်မှဝန်ထမ်းများသည် (၂၃.၁၁.၂၀၂၂) ရက်မှ (၂၉.၁၁.၂၀၂၂) ရက်ထိ ရွှေမော်ဓောပြတိုက်ရှိ ခင်းကျင်းပြသထားသော ရုပ်ပွားတော်ပစ္စည်းများအား ခေတ်အလိုက်ခွဲခြားသတ်မှတ်ခဲ့ပြီး Interactive Tablet တွင် ကြည့်ရှုနိုင်ရန်အတွက် ကွန်ပျူတာတက္ကသိုလ် (တောင်ငူ) မှ ဆောင်ရွက်ပေးခဲ့ပါသည်။

ပြတိုက်မျက်နှာစာကိုလည်း ပုဂံခေတ်လက်ရာပန်းများဖြင့် ပြုပြင်မွမ်းမံခြင်း၊ ဆေးသုတ်ခြင်း၊ ပြတိုက်အတွင်း ရှေးဟောင်းပစ္စည်းများ ခင်းကျင်းပြသည့် ဘီဒိုနှင့် ပစ္စည်းတင်စင်များအား ၂၀၂၂ ခု၊ ဒီဇင်ဘာလမှ ၃၀-၄-၂၀၂၃ ထိ အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ပါသည်။
ခေတ်အလိုက်ခွဲခြားထားသော
ရုပ်ပွားတော်နှင့် ပစ္စည်းအရေအတွက်များ

ပျူခေတ်   –   ၆  ခု

ပုဂံခေတ်   –   ၉  ခု

ပင်းယခေတ်   –   ၄  ခု

အင်းဝခေတ်   –   ၄  ခု

မြောက်ဦးခေတ်   –  ၂  ခု

ဟံသာဝတီခေတ်   –   ၁၀၂  ခု

ညောင်ရမ်းခေတ်   –   ၄၀  ခု

ကုန်းဘောင်ခေတ်   –   ၁၇၀  ခု

အမရပူရခေတ်   –   ၅  ခု

ရတနာပုံခေတ်   –   ၄၆  ခု

ကိုလိုနီခေတ်   –   ၃၈  ခု

မျက်မှောက်ခေတ်   –   ၁၂၇၅  ခု

ခေတ် (၁၂) ခေတ် စုစုပေါင်း   –   ၁၇၀၁  ခု